top of page
Search

“Rakhine Lives Matter” ခေါင်းစဥ်ဖြင့် (Video) ဇာတ်လမ်းတိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

  • rakhinelivesmatter
  • Jun 16, 2020
  • 1 min read

“Rakhine Lives Matter” ခေါင်းစဥ်ဖြင့် (Video) ဇာတ်လမ်းတိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း ~~~~~~~ လက်ရှိဖြစ်ပွါးနေသော ရခိုင်ပြည်နှင့်ပလက်၀မြို့နယ်အတွင်း စစ်ပွဲများကြား ဒေသခံများ၏ကြုံတွေ့ခံစားနေကြရသော အခြေအနေကိုပုံပေါ်စေနိုင်သည့်(Video) ဇာတ်လမ်းတို ဖြစ်ရမည် “Rakhine Lives Matter” ~~~~~~ (Video) ဇာတ်လမ်းတိုပြိုင်ပွဲ အတွက် စည်းကမ်းချက်များ ~~~~~~~~~~~~~~~~~~~~~~~~ ၁။ ပြိုင်ပွဲဝင်ရိုက်ကွက်သည် အနည်းဆုံး (၄) မိနစ်ခွဲ ရှိရမည်ဖြစ်ပြီး (၅) မိနစ်ထက် မကျော်လွန်စေရ၊ ၂။ ပြိုင်ပွဲဝင်ရိုက်ကွက်အား ဖုန်းဖြင့်ဖြစ်စေ၊ ကင်မရာဖြင့်ဖြစ်စေ ရိုက်ကူးပေးပို့နိုင်သည်၊ ၃။ ပြိုင်ပွဲဝင်ရိုက်ကွက်၌ ဇာတ်ဆောင်များ၏ စကားပြောအား ရခိုင်ဘာသာစကား၊ ရခိုင်ပြည်နယ်ရှိ နေထိုင်သော တိုင်းရင်းသား ဘာသာ စကားများဖြင့်လည်း ရိုက်ကူးပေးပို့နိုင်သည်၊ ၄။ ပြိုင်ပွဲဝင်ရိုက်ကွက်အား DialoguesLess Action (စကားပြောမဲ့) ကိုယ်အမူအရာဖြင့်လည်း ရိုက်ကူး ပေးပို့နိုင်သည်၊ ၅။ ပြိုင်ပွဲဝင်ရိုက်ကွက်၌ လူပုဂ္ဂိုလ်တစ်ဉီးဉီး၏ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအား ထိခိုက်နစ်နာ စေလိုခြင်း ရည်ရွယ်ချက် လုံးဝ (လုံးဝ) မပါရှိစေရ၊ ၆။ ပြိုင်ပွဲဝင်ရိုက်ကွက်များအား ဆုရွေးချယ်သတ်မှတ်ရာတွင် ဆုရွေးချယ် စိစစ်ရေးအဖွဲ့၏ အဆုံး အဖြတ်သည် အတည်ဖြစ်သည်၊ ၇။ ပြိုင်ပွဲဝင်ရိုက်ကွက်များနှင့်ပတ်သက်၍ ရိုက်ကူးရေးအဖွဲ့မှ မိမိတို့ကိုယ်တိုင်ရိုက်ကူးထားခြင်း ဖြစ်ကြောင်းဝန်ခံချက်ပါရှိရမည်။ ၈။ ပြိုင်ပွဲဝင်ရိုက်ကွက်အား ၂၂.၀၆.၂၀၂၀ (တနင်္လာနေ့) ည ၁၂ နာရီ နောက်ဆုံးထားပြီး ပေးပို့ရမည်။ ဆုကြေးသတ်မှတ်ချက် ~~~~~~ ပထမဆု - ၅၀၀၀၀၀ ( ငါးသိန်းကျပ်တိတိ ) ဒုတိယဆု - ၃၀၀၀၀၀ ( သုံးသိန်းကျပ်တိတိ ) တတိယဆု - ၂၀၀၀၀၀ ( နှစ်သိန်းကျပ်တိတိ ) ပေးပို့ရမည့်လိပ်စာ - Email ; rakhinelivesmatter@gmail.com Phone ; 09962670552 Leading Team ; RYNG-N


 
 
 

Recent Posts

See All
Let me Free

🌸Let me Free🌸 ယခု Video သည် Rakhine Lives Matter ခေါင်းစဉ်ဖြင့် Video ပြိုင်ပွဲတွင် "ပထမ" ဆွတ်ခူးရရှိခဲ့သော Video ဖြစ်ပါကြောင်း...

 
 
 
မြေစာ

🌸မြေစာ🌸 ယခု Video သည် Rakhine Lives Matter ခေါင်းစဉ်ဖြင့် Video ပြိုင်ပွဲတွင် "ဒုတိယ" ဆွတ်ခူးရရှိခဲ့သော Video ဖြစ်ပါကြောင်း ...

 
 
 
ဉပဒေကိုကျောခိုင်း၍

🌸ဉပဒေကိုကျောခိုင်း၍🌸 ယခု Video သည် Rakhine Lives Matter ခေါင်းစဉ်ဖြင့် Video ပြိုင်ပွဲတွင် "တတိယဆု" ဆွတ်ခူးရရှိခဲ့သော Video ...

 
 
 

Comentarios


+959962670552

©2020 by Rakhine Lives Matter. Proudly created with Wix.com

bottom of page